
MYANMAR WORSHIP
MINISTRIES INTERNATIONAL LTD
Raising Disciples Across Nations
Join thousands growing in God’s Word weekly
WHO WE ARE
Myanmar Worship Ministries International is a global Christian ministry committed to raising disciples across nations.
Our mission is to lead people from unbelief to belief, from belief to discipleship, and from discipleship to becoming disciple-makers.
We carry out this mission through our key ministries:
-
MWTV (Myanmar Worship Television) – our main evangelical outreach, delivering clear and life-transforming biblical teaching to a global audience
-
Hands of Mercy – practical outreach to orphans, widows, the poor, and displaced people
-
Lifelines – weekly prayer gatherings and evangelism, believing in the power of prayer and the Gospel to change lives
-
East to West – partnering with global ministries to advance the Gospel and bless nations
-
Light Chapels – small discipleship communities where believers grow together in faith and maturity
Our heart is simple: to see lives transformed and disciples raised across nations.
Based in Logan City, Australia, we serve a growing international community through both digital platforms and on-the-ground ministry.
ကျွန်ုပ်တို့ဘယ်သူလဲ
Myanmar Worship Ministries International သည် နိုင်ငံအနှံ့ တပည့်များကို ထူထောင်ရန် ရည်ရွယ်သော ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်သာသနာလုပ်ငန်း ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ မစ်ရှင်မှာ မယုံကြည်သူမှ ယုံကြည်သူသို့၊ ယုံကြည်သူမှ တပည့်သို့၊ တပည့်မှ တပည့်မွေးသူသို့ ခေါ်ဆောင်သွားရန် ဖြစ်ပါသည်။
ဤမစ်ရှင်ကို အောက်ပါအမှုတော်လုပ်ငန်းများအားဖြင့် ဆောင်ရွက်လျက်ရှိပါသည်—
-
MWTV (Myanmar Worship Television) – ကမ္ဘာတစ်ဝှမ်းသို့ ရှင်းလင်းပြတ်သား၍ အသက်တာပြောင်းလဲစေသော နှုတ်ကပတ်တော်များကို ပို့ချသော အဓိကသာသနာလုပ်ငန်း
-
Hands of Mercy – မိဘမဲ့၊ မုဆိုးမ/ဖို၊ နွမ်းပါးသူများနှင့် နေအိမ်စွန့်ခွာရသူများကို လက်တွေ့ ကူညီထောက်ပံ့ခြင်း
-
Lifelines – ဆုတောင်းခြင်းနှင့် သတင်းကောင်းဟောပြောခြင်းအားဖြင့် လူများ၏အသက်တာ ပြောင်းလဲနိုင်ကြောင်း ယုံကြည်၍ အပတ်စဉ် စုဝေးဆုတောင်းခြင်း
-
East to West Ministry – နိုင်ငံတကာ သာသနာလုပ်ငန်းများနှင့် ပူးပေါင်း၍ သတင်းကောင်းကို ဖြန့်ဝေခြင်းနှင့် နိုင်ငံများကို ကောင်းချီးပေးခြင်း
-
Light Chapels – ယုံကြည်သူများ အတူတကွ ကြီးထွားနိုင်ရန်နှင့် တပည့်အဖြစ် ရင့်ကျက်လာရန် အသိုင်းအဝိုင်းငယ်များဖြစ်သည်။
ကျွန်ုပ်တို့၏ နှလုံးသားမှာ ရိုးရှင်းပါသည်—အသက်တာများ ပြောင်းလဲပြီး နိုင်ငံအနှံ့ တပည့်များ ထူထောင်ခြင်း ဖြစ်ပါသည်။
လက်ရှိတွင် Logan City, Australia တွင် အခြေစိုက်ပြီး ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် မြေပြင်အမှုတော်များမှတဆင့် နိုင်ငံတကာအနှံ့ လူများကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

Our Story
In 2015, we responded to the call of God—a moment that changed the direction of our lives. What began as a simple step of obedience became a growing burden to teach the Church about true worship.
We started by serving churches through Praise and Worship teaching, especially among Myanmar communities. As we traveled and ministered, we saw people encounter God in deeper ways. Worship was no longer just expression—it became transformation.
In 2020, when the world shifted and physical gatherings became limited, God opened a new door. We launched MWTV to bring clear, practical, and life-transforming biblical teaching through digital platforms. What started as a response to a season has now become a global outreach.
Today, from Logan City, Australia, we continue this journey—reaching people across nations, building faith, and raising disciples.
What began as a call is now a movement.
And we believe the best is yet to come.
၂၀၁၅ ခုနှစ်တွင် ဘုရားသခင်၏ခေါ်သံကို ကြားနာ၍ နာခံခြင်းအားဖြင့် အမှုတော်လုပ်ငန်းကို စတင်ခဲ့ပြီး ကျွန်ုပ်တို့၏အသက်တာလမ်းကြောင်းကို လုံးဝ ပြောင်းလဲစေခဲ့သည်။ အစပိုင်းတွင် ရိုးရှင်းသော နာခံမှုတစ်ခုသာ ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် အသင်းတော်များအား စစ်မှန်သော ကိုးကွယ်ခြင်းအကြောင်း သင်ကြားရမည့် တာဝန်တစ်ရပ်အဖြစ် ကြီးထွားလာခဲ့သည်။
အစတွင် Praise and Worship ဆိုင်ရာ သင်ကြားမှုများမှ စတင်ခဲ့ပြီး အထူးသဖြင့် မြန်မာအသင်းတော်များအတွင်း အမှုတော်ကို ဆောင်ရွက်ခဲ့သည်။ ထိုကာလအတွင်း လူများသည် ဘုရားသခင်နှင့် ပိုမိုနီးကပ်စွာ တွေ့ဆုံလာကြပြီး ကိုးကွယ်ခြင်းသည် သီချင်းဆိုခြင်းသာမက အသက်တာတစ်ခုလုံးကို ပြောင်းလဲစေနိုင်သော အရာဖြစ်ကြောင်းကို တွေ့မြင်လာကြသည်။
၂၀၂၀ ခုနှစ်တွင် ကိုဗစ်ကြောင့် ကမ္ဘာကြီး ပြောင်းလဲသွားသော အချိန်၌ ဘုရားသခင်သည် တံခါးအသစ်တစ်ခုကို ဖွင့်ပေးခဲ့သည်။ ထိုကြောင့် MWTV ကို စတင်တည်ထောင်ပြီး လူမှုကွန်ယက်များမှတဆင့် ရှင်းလင်းပြတ်သား၍ လက်တွေ့အသုံးချနိုင်သည့် အသက်တာပြောင်းလဲစေသော နှုတ်ကပတ်တော်များကို မျှဝေခဲ့သည်။ အစပိုင်းတွင် သာမန်စတင်မှုတစ်ခုအဖြစ်သာ ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်းလုံးသို့ ရောက်ရှိသော အမှုတော်တစ်ရပ်အဖြစ် ကြီးထွားလာခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် Logan City, Australia တွင် အခြေစိုက်နေထိုင်ပြီး နိုင်ငံအနှံ့ရှိ လူများထံသို့ ရောက်ရှိရန် ဆက်လက်၍ အမှုတော်ကို ဆောင်ရွက်လျက်ရှိသည်။ ယုံကြည်ခြင်းကို တည်ဆောက်ခြင်းနှင့် တပည့်များကို ထူထောင်ခြင်းတို့ကို ရည်မှန်း၍ အလုပ်အမှုများကို ဆက်လက် လှမ်းဆောင်နေသည်။
ခေါ်သံတစ်ခုမှ စတင်ခဲ့သော အရာသည် ယနေ့တွင် လှုပ်ရှားမှုတစ်ခုအဖြစ် ဖြစ်ပေါ်လာပြီ ဖြစ်သည်။ ထို့အပြင် အကောင်းဆုံးသော အရာများသည် ရှေ့တွင် ရှိနေသေးသည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။
Meet The Team
Our Clients










