
MYANMAR WORSHIP
MINISTRIES INTERNATIONAL LTD
Raising Disciples Across Nations
Join thousands growing in God’s Word weekly
Myanmar Worship Ministries International is a global Christian ministry committed to raising disciples across nations.
Our mission is to lead people from unbelief to belief, from belief to discipleship, and from discipleship to becoming disciplers—through the Word of God, prayer, and Christ-centered community.
We carry out this mission through five key ministries:
MWTV (biblical teaching), Hands of Mercy (outreach to those in need), Lifelines (prayer & evangelism), East to West Ministry (global missions partnerships), and Light Chapels (discipleship communities).
Based in Logan City, Australia, we serve a growing international community both online and on the ground.
Myanmar Worship Ministries International သည် နိုင်ငံအနှံ့ တပည့်များကို ထူထောင်ရန် ရည်ရွယ်သော ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် အမှုတော်လုပ်ငန်းဖြစ်ပါသည်။
ကျွန်ုပ်တို့၏ မစ်ရှင်မှာ မယုံကြည်သူမှ ယုံကြည်သူသို့၊ ယုံကြည်သူမှ တပည့်တော်သို့၊ တပည့်တော်မှ တပည့်တော် မွေးထုတ်သူများ ဖြစ်ရန် ရည်ရွယ်ပါသည်။
ဤမစ်ရှင်ကို အမှုတော် (၅) ခုဖြင့် ဆောင်ရွက်လျက်ရှိသည်—
MWTV (နှုတ်ကပတ်တော်သင်ကြားမှု), Hands of Mercy (လိုအပ်သူများအား ကူညီထောက်ပံ့ခြင်း), Lifelines (ဆုတောင်းခြင်းနှင့် သတင်းကောင်းဟောပြောခြင်း), East to West (နိုင်ငံတကာ ထောက်ပံ့ကူညီရေး), နှင့် Light Chapels (တပည့်ဖြစ်ခြင်း အသိုင်းအဝိုင်း)တို့ ဖြစ်သည်။
Logan City, Australia တွင် အခြေစိုက်ပြီး ဒစ်ဂျစ်တယ်နှင့် မြေပြင်အမှုတော်များမှတဆင့် နိုင်ငံတကာအနှံ့ လူများကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

Our
Story
Our Story
In 2015, we responded to the call of God—a moment that changed the direction of our lives. What began as a simple step of obedience became a growing burden to teach the Church about true worship.
We started by serving churches through Praise and Worship teaching, especially among Myanmar communities. As we traveled and ministered, we saw people encounter God in deeper ways. Worship was no longer just an expression—it became transformation.
In 2020, when the world shifted and physical gatherings became limited, God opened a new door. We launched MWTV to bring clear, practical, and life-transforming biblical teaching through digital platforms. What started as a response to a season has now become a global outreach.
Today, from Logan City, Australia, we continue this journey—reaching people across nations, building faith, and raising disciples.
What began as a call is now a movement.
And we believe the best is yet to come.
၂၀၁၅ ခုနှစ်တွင် ဘုရားသခင်၏ခေါ်သံကို ကြားနာ၍ နာခံခြင်းအားဖြင့် အမှုတော်လုပ်ငန်းကို စတင်ခဲ့ပြီး ကျွန်ုပ်တို့၏အသက်တာလမ်းကြောင်းကို လုံးဝ ပြောင်းလဲစေခဲ့သည်။ အစပိုင်းတွင် ရိုးရှင်းသော နာခံမှုတစ်ခုသာ ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် အသင်းတော်များအား စစ်မှန်သော ကိုးကွယ်ခြင်းအကြောင်း သင်ကြားရမည့် တာဝန်တစ်ရပ်အဖြစ် ကြီးထွားလာခဲ့သည်။
အစတွင် Praise and Worship ဆိုင်ရာ သင်ကြားမှုများမှ စတင်ခဲ့ပြီး အထူးသဖြင့် မြန်မာအသင်းတော်များအတွင်း အမှုတော်ကို ဆောင်ရွက်ခဲ့သည်။ ထိုကာလအတွင်း လူများသည် ဘုရားသခင်နှင့် ပိုမိုနီးကပ်စွာ တွေ့ဆုံလာကြပြီး ကိုးကွယ်ခြင်းသည် သီချင်းဆိုခြင်းသာမက အသက်တာတစ်ခုလုံးကို ပြောင်းလဲစေနိုင်သော အရာဖြစ်ကြောင်းကို တွေ့မြင်လာကြသည်။
၂၀၂၀ ခုနှစ်တွင် ကိုဗစ်ကြောင့် ကမ္ဘာကြီး ပြောင်းလဲသွားသော အချိန်၌ ဘုရားသခင်သည် တံခါးအသစ်တစ်ခုကို ဖွင့်ပေးခဲ့သည်။ ထိုကြောင့် MWTV ကို စတင်တည်ထောင်ပြီး လူမှုကွန်ယက်များမှတဆင့် ရှင်းလင်းပြတ်သား၍ လက်တွေ့အသုံးချနိုင်သည့် အသက်တာပြောင်းလဲစေသော နှုတ်ကပတ်တော်များကို မျှဝေခဲ့သည်။ အစပိုင်းတွင် သာမန်စတင်မှုတစ်ခုအဖြစ်သာ ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်းလုံးသို့ ရောက်ရှိသော အမှုတော်တစ်ရပ်အဖြစ် ကြီးထွားလာခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် Logan City, Australia တွင် အခြေစိုက်နေထိုင်ပြီး နိုင်ငံအနှံ့ရှိ လူများထံသို့ ရောက်ရှိရန် ဆက်လက်၍ အမှုတော်ကို ဆောင်ရွက်လျက်ရှိသည်။ ယုံကြည်ခြင်းကို တည်ဆောက်ခြင်းနှင့် တပည့်များကို ထူထောင်ခြင်းတို့ကို ရည်မှန်း၍ အလုပ်အမှုများကို ဆက်လက် လှမ်းဆောင်နေသည်။
ခေါ်သံတစ်ခုမှ စတင်ခဲ့သော အရာသည် ယနေ့တွင် လှုပ်ရှားမှုတစ်ခုအဖြစ် ဖြစ်ပေါ်လာပြီ ဖြစ်သည်။ ထို့အပြင် အကောင်းဆုံးသော အရာများသည် ရှေ့တွင် ရှိနေသေးသည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။

WHAT WE BELIEVE
OUR BELIEFS:
-
We believe that the Bible is God’s Word. It is accurate, authoritative and applicable to our every day lives.
-
သမ္မာကျမ်းစာသည် ဘုရားသခင်၏ မှုတ်သွင်းခံ၊ အမှားမရှိနိုင်သော စကားတော်ဖြစ်ကြောင်း၊ ၎င်းသည် ခိုင်ခံ့မှန်ကန်စိတ်ချရ၍ ဘုရားသခင်၏ အာဏာတော်တည်ရှိပြီး၊ လူသားလူသားများ၏ နေ့စဉ်ဘဝအတွက် လက်တွေ့အသုံးချနိုင်သော အရာဖြစ်ကြောင်း ကျွန်ုပ်တို့သည် ယုံကြည်သည်။
-
We believe in one eternal God who is the Creator of all things. He exists in three Persons: God the Father, God the Son and God the Holy Spirit. He is totally loving and completely holy.
-
ကျွန်ုပ်တို့သည် ထာဝရတည်ရှိသော ဖန်ဆင်းရှင်ဘုရားသခင်တစ်ဆူတည်းရှိကြောင်း ယုံကြည်သည်။ ထာဝရဘုရားသည် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်အဖြစ် သုံးပါးတစ်လုံးတစ်ဝတည်း ကမ္ဘာမတည်မီကတည်းက တည်ရှိတော်မူပြီး၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသောအရှင်၊ ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံကာ သန့်ရှင်းခြင်းအပြည့်အဝရှိတော်မူသော တစ်ဆူတည်းသော ဘုရားသခင်ဖြစ်သည်။
-
We believe that sin has separated each of us from God and His purpose for our lives.
-
လူသားလူသားတိုင်းသည် အပြစ်ကြောင့် ဘုရားသခင်နှင့် ဝေးကွာခဲ့ရကာ၊ ဘုရားသခင်နှင့် ဝေးကွာခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်ကြပြီး၊ ကျွန်ုပ်တို့အတွက် ဘုရားသခင်ထားသော ရည်ရွယ်ချက်ပန်းတိုင်မှ လွဲချော်ခဲ့ရသည်။
-
We believe that the Lord Jesus Christ as both God and man is the only One who can reconcile us to God. He lived a sinless and exemplary life, died on the cross in our place, and rose again to prove His victory and empower us for life.
-
ယေရှုခရစ်တော်သည် ဘုရားဇာတိနှင့် လူသားဇာတိ နှစ်မျိုးလုံးရှိသူဖြစ်ပြီး၊ ပျက်စီးခဲ့သော ဘုရားနှင့် လူသားကြား ဆက်ဆံရေးအား ပြန်လည်ပေါင်းကူးပေးနိုင်သော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ အပြစ်မဲ့သော သခင်ယေရှုသည် အပြစ်သားများအတွက် လက်ဝါးကပ်တိုင်တွင် အသွေးသွန်းအသေခံ၊ သင်္ဂြိုဟ်ခြင်းခံခဲ့ပြီး၊ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခဲ့သည်။ သူ၏ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် နောင်တမလွန်အတွက် စိတ်ချမျှော်လင့်ခြင်းရှိသည်။
-
We believe that in order to receive forgiveness and the ‘new birth’ we must repent of our sins, believe in the Lord Jesus Christ, and submit to His will for our lives.
-
လူသားလူသားအားလုံး မိမိအပြစ်များကို နောင်တရ၍၊ သခင်ယေရှုခရစ်တော်ကို မိမိ၏ ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပြီး၊ သူ၏အလိုတော်ကို ဝန်ခံခြင်းမှတဆင့်သာ အပြစ်လွှတ်ခြင်းနှင့် “အသစ်သောဘဝ” ကို ရရှိနိုင်ကြောင်း ယုံကြည်သည်။
-
We believe that in order to live the holy and fruitful lives that God intends for us, we need to be baptised in water and be filled with the power of the Holy Spirit. The Holy Spirit enables us to use spiritual gifts, including speaking in tongues which is the initial evidence of baptism in the Holy Spirit.
-
သမ္မာကျမ်းစာသည် ဘုရားသခင်၏ မှုတ်သွင်းခံ၊ အမှားမရှိနိုင်သော စကားတော်ဖြစ်ကြောင်း၊ ၎င်းသည် ခိုင်ခံ့မှန်ကန်စိတ်ချရ၍ ဘုရားသခင်၏ အာဏာတော်တည်ရှိပြီး၊ လူသားလူသားများ၏ နေ့စဉ်ဘဝအတွက် လက်တွေ့အသုံးချနိုင်သော အရာဖြစ်ကြောင်း ကျွန်ုပ်တို့သည် ယုံကြည်သည်။
-
We believe that God has individually equipped us so that we can successfully achieve His purpose for our lives which is to worship God, fulfil our role in the Church and serve the community in which we live.
-
ဘုရားသခင်သည် လူတိုင်းကို အသီးသီး အစွမ်းအစများပေးထားခြင်းက ဘုရားသခင်ကို ကိုးကွယ်ခြင်း၊ အသင်းတော်အတွင်းတွင် တာဝန်ထမ်းဆောင်ခြင်းနှင့် လူ့အသိုင်းအဝိုင်းအတွင်းတွင် ဝန်ဆောင်မှုပြုခြင်းတို့ကို ပြည့်စုံအောင် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားသည်။
-
We believe that God wants to heal and transform us so that we can live healthy and prosperous lives in order to help others more effectively.
-
ဘုရားသခင်သည် ကျွန်ုပ်တို့အား အနာရောဂါငြိမ်းစေရန်နှင့် ကောင်းချီးမင်္ဂလာရှိသောသူအဖြစ် ပြုပြင်လိုသလို၊ တပါးသူကို ထိရောက်စွာ ကူညီနိုင်ရန်အတွက်ဖြစ်သည်။
-
We believe that our eternal destination of either Heaven or hell is determined by our response to the Lord Jesus Christ.
-
သခင်ယေရှုခရစ်တော်အပေါ် ကျွန်ုပ်တို့၏ တုံ့ပြန်ခြင်းသည် ထာဝရအသက်ရှင်ခြင်းနှင့် ထာဝရငရဲကျခြင်းဟူသော ထာဝရနေရာနှစ်နေရာကိုသာ ဦးတည်နေပါသည်။
-
We believe that the Lord Jesus Christ is coming back again as He promised.
-
သခင်ယေရှုခရစ်တော်သည် သူကိုယ်တိုင်ကတိပြုခဲ့သကဲ့သို့ ပြန်လည်ကြွလာမည်ဟု ယုံကြည်ပါသည်။