top of page
Search

Hosanna

Oct 20, 2024
1 min read

Updated: Apr 10



Hosanna ကို လူအများက ချီးမွမ်းခြင်းစကားတစ်ခုလို၊ “Hallelujah” နဲ့ တူတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ အမှန်တကယ်မှာတော့ Hosanna ဆိုတာက ကယ်တင်ဖို့ အသနားခံခြင်း ဖြစ်တယ်။

ဟေဗြဲမူရင်းစကားလုံးကို ဆာလံ ၁၁၈း၂၅ မှာ တွေ့ရတယ် —“ထာဝရဘုရား၊ ကျွန်ုပ်တို့ကို ကယ်တင်ပါလို့ တောင်းဆိုကြပါ၏။”


“Yasha” (ကယ်တင်ခြင်း၊ လွတ်မြောက်စေခြင်း) နဲ့ “Anna” (တောင်းပန်ခြင်း၊ အသနားခံခြင်း) ဆိုတဲ့ စကားလုံး ၂ ခုကို ပေါင်းပြီး “Hosanna” ဆိုတဲ့ စကားလုံး ဖြစ်လာတယ်။ အဓိပ္ပါယ်ကတော့ —“ကယ်တင်ပါရန် တောင်းပန်ပါတယ်”၊ “ကျွန်ုပ်တို့ကို ကယ်တင်ပါ” ဆိုတဲ့ အော်ဟစ်သံပဲ ဖြစ်တယ်။

ရောမအာဏာအောက်ကနေ လွတ်မြောက်ဖို့ အော်ဟစ်ခဲ့တဲ့ လူအုပ်ကြီးက မိမိတို့ မျှော်လင့်ထားသလို မဖြစ်လာတဲ့အချိန်မှာ “Hosanna” လို့ အော်ဟစ်ခဲ့ရာမှ “ကားစင်တင်ပါ” လို့ ပြောင်းလဲ အော်ဟစ်ကြတယ်။


ဒါပေမဲ့ သခင်ယေရှု လာခဲ့တာက လောကမှာ ကောင်းစားဖို့ သက်သက်မဟုတ်ဘူး။သင့်ဝိညာဉ်ကို ကယ်တင်ဖို့၊ လွတ်မြောက်စေဖို့ လာခဲ့တာ ဖြစ်တယ်။


ဒီနေ့ —သင်ဘာအတွက် အော်ဟစ်နေသလဲ?သင်လိုချင်တာ မရရင် သင့်အသံ ပြောင်းသွားမလား?ဒါမှမဟုတ် — သခင်ကို အမှန်တကယ် ကယ်တင်ရှင်အဖြစ် ခေါ်နေတာလား?


 
 
 

1 Comment


😇 Hosanna..✝️AMEN 👑

Like
bottom of page