top of page
Search

Thick Skin Tender Heart

Updated: Nov 28, 2024

အရေထူထူ နှလုံးသားနုနု



ree

Purpose Driven Life စာအုပ်နဲ့ ကမ္ဘာကျော်ခဲ့တဲ့ Pastor Rick Warren က ” အရေထူထူထားဖို့နဲ့ နှလုံးသားနုနု” ရှိဖို့ လိုအပ်တယ်လို့ အမှုတော်ဆောင်တွေကို အကြံပေးထားပါတယ်။


အရေပြားထူထူ (Thick Skin)


အရေထူတယ်ဆိုတာ ဝေဖန်မှုကို ခံနိုင်တာ၊ ကိုယ့်ကို အပုတ်ချတာကို ဂရုမစိုက်ပဲ ကိုယ့်ရဲ့အလုပ်ကိုပဲ အာရုံစူးစိုက်ပြီး အလုပ်လုပ်တာကို ပြောတာဖြစ်ပါတယ်။


အမှုတော်မြတ်မှာ ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိဖို့ အရမ်းကို အရေးကြီးပါတယ်။ လောကကြီးမှာ အဝေဖန်မခံရတဲ့သူ မရှိသလောက်ပါပဲ။ ဟုတ်တာလုပ်တာပဲ ဖြစ်ဖြစ်၊ မဟုတ်တာလုပ်တာပဲ ဖြစ်ဖြစ် လူတွေကတော့ ဝေဖန်ဖို့ ဝန်မလေးကြပါဘူး။ တကယ်တော့ ဝေဖန်တယ်ဆိုတာ လောကကြီးမှာ အလွယ်ဆုံးအလုပ်ဖြစ်ပါတယ်။


လူတယောက်အကြောင်း သေသေချာချာ မသိပဲနဲ့ ဝေဖန်ဖို့ သိပ်လွယ်ပါတယ်။ ဒါပေမဲ့ ချီးကျူးဖို့အတွက်ကျတော့ လူတယောက်ကို အသေအချာသိဖို့ လိုအပ်ပါတယ်။


ဒါကြောင့် ဝေဖန်သံတွေထွက်လာတိုင်း ပြန်ဖြေရှင်းဖို့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူ့သဘာဝကတော့ တယောက်က ဝေဖန်လာပြီဟေ့ဆိုရင် ပြန်လည် ခုခံဖို့ ပထမဆုံး စဉ်းစားတတ်ပါတယ်။


ဆရာ Rick Warren ကတော့ ဝေဖန်သူတွေ အထူးသဖြင့် အင်တာနက်အွန်လိုင်း ပေါ်က ဝေဖန်သူတွေကို လုံး၀ (လုံးဝ) မတုန့်ပြန်ပါနဲ့ လို့ အကြံပြုထားပါတယ်။ တုန့်ပြန်ဖို့ ကြိုးစားတာထက် အရေထူဖို့ ကြိုးစားပါလို့ အကြံပြုပါတယ်။


နှလုံးသာနုနု (Tender Heart)


လူတွေရဲ့ ဝေဖန်မှုတွေကို တုန့်ပြန်ရင်းတုန့်ပြန်ရင်းနဲ့ ကိုယ့်ရဲ့နှလုံးသား မာကျောလာတတ်ပါတယ်။ နှလုံးသားက တုန့်ပြန်ချင်တဲ့ အရာတွေဟာ ဟောတဲ့တရားမှာ ပေါ်လာတတ်ပါတယ်။ ဒါကြောင့် ဘုရားဖွင့်ပြချက်မှန်တယ်ဆိုရင် သင်ဘာကိုမှ မစိုးရိမ်ပါနဲ့။ ဘုရားပြောခိုင်းတဲ့အရာတွေကို ဘုရားတာဝန်ယူပါလိမ့်မယ်။ ဘုရားမပြောခိုင်းတဲ့ အရာတွေကိုတော့ ကိုယ့်ဟာကိုယ် တာဝန်ယူရတတ်တယ်။ ဒါကြောင့် ဘုရားခိုင်းလို့ လုပ်တဲ့အပေါ် သံသယမရှိပါနဲ့။


နှလုံးသား မာကျောလာတဲ့အခါမှာ ဘုရားသခင်နဲ့ မိဿဟာရ ပျက်သွားတတ်ပါတယ်။ ငါ့ကိုဒီလိုပြောလို့ ဒီလိုပြန်ပြောလိုက်မယ်ဆိုတာဟာ ဝိညာဉ်တော်ရဲ့ လုပ်ရပ်မဟုတ်ပဲ ကိုယ့်ဇာတိရဲ့ စေခိုင်းမှုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဝိညာဉ်တော်နဲ့ သွားလာတဲ့သူများဟာ ဇာတိရဲ့ အလိုကို ငြင်းငယ်နိုင်ကြတယ်။ မာကျောတဲ့နှလုံးသားကို ဘုရားသခင်မနှစ်သက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘုရားဟာ ကျိုးပဲ့ကြေမွသော နှလုံးသားရှိတဲ့သူတွေနဲ့ နီးတော်မူတယ်လို့  နုတ်ကပတ်တော် (ဆာလံ ၃၄း၁၈)မှာ ပြောထားပါတယ်။


ဆာလံ ၃၄:၁၈ ထာဝရဘုရားသည် ကျိုးပဲ့သော စိတ်ရှိသော တို့နှင့် နှလုံးကြေကွဲသော သူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသော သူတို့ကိုလည်း ကယ်တင်တော်မူ၏။


ဒါကြောင့် နှလုံးသားကို နုနုလေးပဲထားပါ။ ဝေဖန်မှုကို ခံနိုင်ဖို့ အရေထူဖို့ ကြိုးစားပါ။


ခွင့်လွတ်တဲ့ နှလုံးသားအမြဲထားပါ။


ထိုခေါင်းဆောင်မျိုးကို သခင်က သာ၍အသုံးပြုမှာ ဖြစ်တယ်။


 

သိကောင်းစရာ


Rick Warren ရဲ့ သင်တန်းကနေ ယနေ့အထိ အမှုတော်ဆောင်ပေါင်း ၄ သိန်းကျော်ကို သင်ကြားပေးထားပြီးဖြစ်ပါတယ်။

 
 
 

1 Comment


Jonah
Jonah
Jul 28

MW Ministry အတွက်ဘုရားသခင်ကိုအထူးကျေးဇူးတင်ပါတယ်

ဆရာနှင့်ဆရာမအပါဝင် အမှုတော်ဆောင်အားလုံးအပေါ် ဘုရားသခင်ကောင်းကြီးပေးပါစေနော်

ဆက်ပြီး ဆောင်းပါးတွေ များများတင်နိုင်ပါစေ

Edited
Like
bottom of page